ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Friday, August 16, 2013

ကွန်ပြူတာကနေ ဖုန်းကို line အချင်းချင်း စကားပြောနိင်ပါပြီး



ပြီးခဲ့တဲ့ ၂ ရက်လောက် က ကွန်ပြူတာ ကနေ video,voice call ခေါ်လို့ရတဲ့

viber ထွက်လာပြီးတော့ အခု့တခါ ကွန်ပြူတာကနေပြီးတော့

voice call ခေါ်လို့ရတဲ့ LINE အစိမ်းရောင်လေးက လဲ အားကျမခံ ထွက်လာပါပြီခင်ဗျာ

LINE လေးကို ဒေါင်းဖို့ ဒီလင့်ကို သွားပြီးယူလိုက်ပါ

အသေးစိတ်ကိုတော့ အောက်မှာပုံလေးတွေနဲ့ ပြထားပေးပါတယ်

ကြည့်ပြီးတော့ လုပ်သွားလိုက်ပါ
အပေါ်ကပုံအတိုင်း ဒေါင်းဖို့သွားလိုက်ပါ မိမိ က ဘာ OS သုံးတာလဲ ဆိုတာ သိရမယ်နော်

window 8 အတွက် သီးသန့်ပေးထားပါတယ် မိမိအသုံးပြု့ချင်တာကိုဒေါင်းလိုက်ပါ

window 7 နဲ့ ကျနော်ကတော့ ပြသွားမှာပါ အောက်မှာ ဆက်လေ့လာလိုက်ပါ
ဒေါင်းပီးပီ ဆိုရင်တော့ ကလစ် ၂ ချက်ခေါက်ပြီးတော့ ဖွင့်ပေးလိုက်ပါ

အရင်ဆုံး ဘာသာ စကားကိုရွေးခိုင်း ပါတယ်

အင်္ဂလိပ် စကားကို OK ပေးပြီးဆက်သွားလိုက်ပါ
NEXT ကိုနှိပ်ပြီးဆက်သွားပါ
lincense ကိုသဘောတူပေးရမှာပါ I Agree ကိုနှိပ်ပြီးဆက်သွားပါ

install လုပ်တာပြီးသွားပါပြီ Close နှိပ်လိုက်ပါ

အောက်မှာကြည့်လိုက်ပါ LINE လေးဟာ Desktop မှာ shotcuts လေး ပေါ်လာပါပြီ

Desktop ကပုံလေးကို ကလစ် ၂ ချက်ခေါက်ပြီးဖွင့်လိုက်ပါ

ဖွင့်လိုက်ရင် အောက်က ပုံအတိုင်း Mail နဲ့ Password တောင်းမှာပါ
အဲ့ဒီမေးလ် နဲ့ password က ဘယ်က ရမလဲ ဆိုရင်
မိမိ တယ်လီဖုန်းကနေရပါမယ် ဘာဖြစ်လို့လဲ ဆိုတော့ 
ဒီ ဆော့ဝဲ ကို မိမိ ရဲ့ ဖုန်းမှာလဲ အသုံးပြု့နေတာဖြစ်ရမယ်နော် အဲ့ဒါမှ ကွန်ပြူတာမှာ
ပြန်ဝင်လို့ရပါမယ် တကယ်လို့ ဖုန်းမှာ မရှိသေးဘူးဆိုရင် ဖုန်းမှာ install လုပ်ပါဖုန်းမှာလည်း မေးလ် တွေ
password တွေပေးရပါမယ် အဲ့ဒီအတိုင်း ကွန်ပြူတာက LINE မှာပြန်ထည့်ပေးရမယ်
ဖုန်းမှာထည့်တာမှန်တယ် ဆိုရင် ကွန်ပြူတာမှာလဲ အလိုအလျောက် ရရှိသွားမှာဖြစ်ပါတယ်
Verification Code ဟာ ကွန်ပြူတာမှာ ပြန်ထည့်စရာ မလိုပါဘူး ခင်ဗျာ
တကယ်လို့ မိမိ mail နဲ့ password ကမှန်တယ် ဆိုရင် အောက်ကအတိုင်းပေါ်လာမှာပါ

ဒါကတော့ setting ဘယ်မှာရှိတယ် ဆိုတာကိုပြထားတာပါ
၁။ မှာပြထားတာကို နှိပ်လိုက်ရင် explorer အသစ်ကျလာမှာပါ
၂။ ကတော့ setting ပါ အထဲမှာ မိမိပြောင်းချင်တာတွေပြန်ပြောင်းလို့ရပါတယ်
profile ပုံတွေ ID တွေကို ပြောင်းလို့ရပါတယ်
၃ ။ ကတော့ မိမိစကားပြောချင်တဲ့လူကို ရွေးရမှာပါ Group လိုက်လဲ ပြောလို့ရပါတယ်


setting ထဲကိုဝင်လိုက်မယ်ဆိုရင် မြန်မာဖောင့်ပြောင်းတဲ့နေရာလေးပါ Font ဆိုတဲ့ နေရာလေးမှာ

Zawgyi One လို့ပြောင်းပေးပေါ့

ဒီပုံကတော့ မိမိ စကားပြောချင်တဲ့ လူကိုရွေးတဲ့ အခါ Start Chat ကို
နှိပ်လိုက်တဲ့ အခါ ဒီလို ပေါ်လာမှာပါ အောက်က အနီရောင်လေးကတော့ စကားပြောဖို့ရွေးလိုက်တဲ့
အခါမှာ အစိမ်းရောင်လေးလင်းလာမှာပါ
ဒီမှာ စာပို့လို့ရတယ်နော်

ဒီပုံကတော့ ကွန်ပြူတာကနေ ခေါ်ထားတာလေးပါ Free Call ကိုနှိပ်ပေါ့
စာပို့ချင်တာဆိုရင်တော့ Chat ကိုနှိပ်လိုက်ပါ ခင်ဗျာ


ခေါ်နေပြီဆိုရင်တော့ ဒီအတိုင်းပါပဲ ခင်ဗျာ video call တော့ မရသေးပါဘူး ခင်ဗျာ
ဒီအထိအောင်ဖတ်လာတဲ့ အတွက် ကျေးဇူးအရမ်းတင်ပါတယ် ခင်ဗျာ

အားလုံးပဲ စိတ်ချမ်းမြေ့ပျော်ရွှင်ကြပါစေ
ကိုလတ်(ကျွဲဆင်း)

Saturday, December 1, 2012

Wednesday, September 5, 2012

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ၏ တရားပွဲ

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ၏ တရားပွဲ
 ကံမြင့်ကျောင်းတိုက် ၊ သီရိမင်္ဂလာလမ်း ၊ စမ်းချောင်းမြို့နယ်


တရားပွဲကျင်းပမည့်နေရက်   ။           ။ ၇ - ၉ - ၂၀၁၂ မှ ၁၀ - ၉ - ၂၀၁၂ ထိ ၄ ည တိုင်တိုင်

တရားပွဲကျင်းပမည့်နေရာ     ။           ။ ကံမြင့်ကျောင်းတိုက် ၊ သီရိမင်္ဂလာလမ်း ၊ စမ်းချောင်းမြို့နယ်

                                                  အာရှတော်ဝင်ဘေးလမ်း ။

တရားပွဲကျင်းပမည်အချိန်     ။           ။ ညချမ်း ရး ၃၀ 


Saturday, September 1, 2012

ဓမ္မဒူတဆရာတော်အရှင် ပညာဝရ ( သိမ်ဇရပ် ) ၏ တရားပွဲ

ဓမ္မဒူတဆရာတော်အရှင် ပညာဝရ ( သိမ်ဇရပ် ) ၏ တရားပွဲ
ကံမြင့်ကျောင်းတိုက် ၊ သီရိမင်္ဂလာလမ်း ၊  စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့




တရားပွဲကျင်းပမည့်နေရက်   ။           ။ ၂ - ၉ - ၂၀၁၂ မှ ၆ - ၉ - ၂၀၁၂ ထိ ၅ ည တိုင်တိုင်

တရားပွဲကျင်းပမည့်နေရာ     ။           ။ ကံမြင့်ကျောင်းတိုက် ၊ သီရိမင်္ဂလာလမ်း ၊ စမ်းချောင်းမြို့နယ်

                                                  အာရှတော်ဝင်ဘေးလမ်း ။

တရားပွဲကျင်းပမည်အချိန်     ။           ။ ညချမ်း ရး ၃၀ နာရီ

Wednesday, August 22, 2012

ဓမ္မဒူတဆရာတော်ဒေါက်တာအရှင် ဆေကိန္ဒ ၏ တရားပွဲ

ဓမ္မဒူတဆရာတော်ဒေါက်တာအရှင် ဆေကိန္ဒ ၏ တရားပွဲ
ကံမြင့်ကျောင်းတိုက် ၊ သီရိမင်္ဂလာလမ်း ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့

တရားပွဲကျင်းပမည့်နေရက်   ။           ။ ၂၇ - ၈ - ၂၀၁၂ မှ ၂၉ - ၁၀ - ၂၀၁၂ ထိ ၃ ည တိုင်တိုင်

တရားပွဲကျင်းပမည့်နေရာ     ။           ။ ကံမြင့်ကျောင်းတိုက် ၊ သီရိမင်္ဂလာလမ်း ၊ စမ်းချောင်းမြို့နယ်

                                                  အာရှတော်ဝင်ဘေးလမ်း ။

တရားပွဲကျင်းပမည်အချိန်     ။           ။ ညချမ်း ရး ၃၀ 

Thursday, August 16, 2012

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ..တရားပွဲ

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ..တရားပွဲ
 ကံမြင့်ဓမ္မာရုံ...သီရိမင်္ဂလာလမ်း၊ စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့

 



တရားပွဲကျင်းပမည့်နေရာ ။          ။  ကံမြင့်ဓမ္မာရုံ။သီရိမင်္ဂလာလမ်း၊ စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့
တရားပွဲကျင်းပမည်နေရက် ။          ။ ၁၄ - ၈ - ၂၀၁၂ မှ ၁၈ - ၈ -၂၀၁၂ ရက် ထိ

Tuesday, August 14, 2012

ပြည်တွင်းမီဒီယာများ သတင်းလွတ်လပ်ခွင့် အခက်အခဲ ကြုံနေချိန်တွင် VOA အသံလွှင့်ဌာနမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား သီးခြားတွေ့ဆုံ မေးမြန်းခွင့်ရရှိ


5203a
VOA အသံလွှင့်ဌာန မြန်မာပိုင်း အစီအစဉ်မှ အစီအစဉ်မှူး ဦးသန်းလွင်ထွန်း နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တို့
နှုတ်ဆက်နေသည်ကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) တို့နှင့်အတူ တွေ့ရစဉ်
အမေရိကန်နိုင်ငံ အခြေစိုက် VOA အသံလွှင့်ဌာန မြန်မာပိုင်း အစီအစဉ်မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့်သီးခြားတွေ့ဆုံပြီး အင်တာဗျူး ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ ပြည်ပအခြေစိုက် မီဒီယာတစ်ခု အနေဖြင့် နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံခွင့်ရခဲ့ခြင်းသည် ပြည်တွင်း မီဒီယာများ သတင်းလွတ်လပ်ခွင့် အခက်အခဲ ကြုံတွေ့နေချိန်၌ သီးခြားတွေ့ဆုံခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါအင်တာဗျူး ပြုလုပ်ခဲ့သည့် သတင်းကိုသမ္မတနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးဦးဇော်ဌေး  (မှူးဇော်)၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော် သမ္မတနှင့် VOA အသံလွှင့်ဌာန မြန်မာပိုင်းအစီအစဉ်၏ ဌာနမှူး ဦးသန်းလွင်ထွန်းတို့ လက်ဆွဲနှုတ်ဆက် နေသည့် ဓာတ်ပုံကိုလည်း ဖော်ပြခဲ့သည်။
လက်ရှိအချိန်တွင် ပြည်တွင်း မီဒီယာများအနေဖြင့် တရားစွဲဆိုမှုခံရခြင်းများ အပါအ၀င် အခြားသော ဖိနှိပ်မှုများ ကြုံတွေ့နေရချိန်၌ နိုင်ငံခြား အထောက်အပံ့ခံ ပြည်ပမီဒီယာ (Exile Media) များ၏ အခွင့်ထူးရရှိမှုမှာ အဆိုပါတွေ့ဆုံမှုကပြယုဂ်တစ်ခု ဖြစ်ခဲ့သည်ဟု ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။
5203b
ပြည်ပမီဒီယာအချို့၏ ဖော်ပြမှုများနှင့်ပတ်သက်၍ ရန်ကုန်မြို့တွင် ဇွန်လ ၁၁ ရက်နေ့က ကန့်ကွက်ဆန္ဒပြနေစဉ်
အစိုးရအဖွဲ့သစ် တာဝန်မယူမီ အချိန်က နိုင်ငံခြားအထောက်အပံ့ခံ ပြည်ပမီဒီယာ(Exile Media ) များ အနေဖြင့်အစိုးရ၏ အတိုက်အခံ မီဒီယာအနေဖြင့် ရပ်တည်ခဲ့သည့် နည်းတူ အစိုးရအဖွဲ့မှလည်း Exile Media များအပေါ် တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် အစိုးရ အဖွဲ့သစ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း  မူဝါဒပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ သည့်အချိန်မှစ၍ Exile Media များ၏ ခြေလှမ်းမှာပြည်တွင်းသို့ ဦးတည်လာခဲ့ကာ ပြည်တွင်းမီဒီယာများပင် မရရှိသော အခွင့်အရေးများ ရရှိလာခဲ့သည်။ လတ်တလောအနေဖြင့် Exile Media များအနက် RFA ၊ DVB နှင့် မဇ္ဈိမသတင်းဌာနများမှာ ပြည်တွင်း၌ ရုံးခွဲလာရောက် ဖွင့်လှစ်ခွင့်ရရှိထားပြီး အခြားသော Exile Media များမှာလည်း ပြည်တွင်း၌ ရုံးခန်းဖွင့်ရန်ပြင်ဆင်လျက် ရှိနေသည်။
အစိုးရအဖွဲ့သစ်၏ မူဝါဒအ ပြောင်းအလဲအရ Exile Media များမှာ ပြည်တွင်းသို့ ဆက်တိုက်နီးပါး ၀င်ရောက်လာပြီး သတင်းများကို ပြည်တွင်းမှတစ်ဆင့် တရားဝင်ပေး ပို့ထုတ်လွှင့်၊ ရေးသားလျက်ရှိနေသည်။
ထိုအချိန်တွင် ပြည်တွင်း၌ အထောက်အပံ့ ကင်းစွာဖြင့် ရပ်တည် လျက်ရှိနေပြီး ပြည်တွင်း စာဖတ်ပရိသတ်များအတွက် အမှန်တရားဘက် မှ ရပ်တည်ရေးသားနေပြီး အထူးသဖြင့် ရခိုင်ပြည်နယ် ပဋိပက္ခကဲ့သို့သော အမျိုးသားရေးကိစ္စရပ်များတွင် နိုင်ငံတကာ မီဒီအချို့၏ တစ်ဖက်သတ် ဖော်ပြချက်များအား နိုင်ငံဘက်မှတုံ့ ပြန်ရေသားခဲ့သလို၊ လယ်ယာမြေကိစ္စများ၊ အလုပ်သမား ပြဿနာများ၊ မြစ်ဆုံကိစ္စ၊ ပြည်ထောင်စုစစ်စစ် ကိစ္စများတွင် ပြည်တွင်းမီဒီယာများ သည် နိုင်ငံအတွက်မီဒီယာတာဝန် ကျေပွန်ခဲ့ကြသည်။ သို့သော်လည်း ပြည်တွင်းမီဒီယာများ အနေဖြင့် အစိုးရ၀န်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များ ၏တရားစွဲဆိုမှုများကို ရင်ဆိုင်နေရသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း သိရပါသည်။
5203c
သတ္တုတွင်းဝန်ကြီးဌာနမှ တရားစွဲဆိုမှုအတွက် အမှုရုံးချိန်းလာရောက်သော The Voice ဂျာနယ်အယ်ဒီတာချုပ်
ဦးကျော်မင်းဆွေအား မီဒီယာများက မေးမြန်းနေကြစဉ်
အစိုးရသစ်လက်ထက်တွင် “လမ်းလွှဲလေးတော့ ကောင်းစေချင်”  သတင်းဆောင်းပါးကြောင့် မော်ဒန် သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ နှင့် သတင်းထောက်တို့ အသရေဖျက်မှုဖြင့် ပထမဆုံး တရားစွဲဆိုခံခဲ့ရသည်။ ဆက်လက်ပြီး ၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ထုတ် The Voice Weekly  သတင်းဂျာနယ် အတွဲ (၈)အမှတ် (၁၃) ၌ “၀န်ကြီးဌာနအချို့ ၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိ” သတင်းဖော်ပြခဲ့ သဖြင့် သတ္တုတွင်းဝန်ကြီးဌာန၏ တရားစွဲဆိုခြင်း ခံခဲ့ရသည်။ လျှပ်တစ်ပြက် သတင်းဂျာနယ်မှာလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သော သတင်းများနှင့်ပတ်သက်ပြီး ပုဒ်မ ၅၀၅(ခ)နှင့်(ဂ) တို့ကိုဖြင့် တရားစွဲဆိုခံထားရသလို၊ KIA တပ်ဖွဲ့၏ပြန်ပေးဆွဲခံရသူများထဲမှ ပြန်လည်လွတ် မြောက်လာခဲ့သူ မိန်းမပျိုတစ်ဦး အင်တာဗျူးကို ရေးသားသူ ယဉ်ယဉ်သိန်း(နဘား)သည် ပုဒ်မ ၅၀၀ ဖြင့် အင်းတော်တရားရုံးတွင် တရားရင် ဆိုင်နေရသည်။ The Voice Weekly  ဂျာနယ် နှင့် လျှပ်တစ်ပြက်သတင်းဂျာနယ် တို့မှာ လက်ရှိအချိန်အထိ တရားရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ ထို့အပြင် ဂျာနယ်ထုတ်ဝေခွင့်ပိတ်ပင်မှုကာလမှာလည်း ယခင် အစိုးရလက်ထက်ကထက် ပိုမို ကြာမြင့်လာခဲ့သည်။ ယခင်အစိုးရ လက်ထက်က ဂျာနယ်တစ်စောင် အား ထုတ်ဝေခွင့် ယာယီပိတ်ပင်သည် ဆိုပါက ရက်သတ္တပတ်နှစ်ပတ်ခန့်သာ ကြာမြင့်လေ့ရှိသော်လည်း ယခု အစိုးရလက်ထက်တွင် လျှပ်တစ်ပြက်ဂျာနယ်မှာ ရက်သတ္တပတ်ရှစ်ပတ်ခန့် ထုတ်ဝေခွင့် ပိတ်ပင်ခံခဲ့ရသည်။
ထို့အပြင် ဇွန်လ ၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းထောက်များအား ခေါ်ယူ သတိပေးခဲ့မှုကိုလည်း ပြည်တွင်း သတင်းမီဒီယာများ တွေ့ကြုံခဲ့ရသည်။
ထိုနေ့က ခေါ်ယူတွေ့ဆုံမှုတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ် သတင်းများဖော်ပြမှုနှင့် ပတ်သက်၍ သတင်းထောက်များကို ခေါ်ယူသတိပေးခဲ့ပြီး အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅ (ည)အရ ထောင်ဒဏ်ခုနှစ်နှစ်ကျခံရနိုင်ကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။
ယင်းနောက်တွင် လျှပ်တစ်ပြက်ဂျာနယ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ပုစွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ပုဒ်မ ၅၀၅ (ခ)၊ (ဂ)တို့ဖြင့် တရားစွဲဆိုခဲ့ပြီး ယနေ့ထိတိုင် ကြားနာမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။
5203d
Stop Killing Press စာသားပါ တီရှပ်များ ၀တ်ဆင်ထားသည့် ပြည်တွင်းဂျာနယ်လစ်များ
အခြားတစ်ဖက်တွင်လည်း မြန်မာမီဒီယာလောက ဖွံ့ဖြိုးတိုးတက်မှု ခေါင်းစဉ်အောက်၌ မီဒီယာဥပဒေ ရေးဆွဲခြင်း အပါအ၀င် အခြားလုပ်ငန်းများအတွက် ပြည်ပမီဒီယာ (Exile Media) များနှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့အကြား ချိတ်ဆက် လုပ်ဆောင်မှု အများအပြားရှိနေကြောင်း သိရှိရပါသည်။
မတ်လ ၁၉ရက်နေ့ကပြုလုပ်ခဲ့သော မြန်မာနိုင်ငံမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ(Conference on Media Development in Myanmar) ကို ယူနက်စကို၊ International Media Support အဖွဲ့အပါအ၀င် နိုင်ငံတကာအဖွဲ့များ အကူအညီဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က၎င်း၏  Facebook စာမျက်နှာတွင် ဖော်ပြခဲ့သော ဆောင်းပါးတွင် ထည့်သွင်းရေးသားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ ပြည်ပမီဒီယာ (Exile Media) အများအပြား တက်ရောက်ခဲ့ ကြသည်။
5203e
လက်ရှိအချိန်၌ VOA နှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်ရန်အစီအစဉ်များ ချမှတ် ထားသည့်နည်းတူ DVB အား အထောက်အပံ့ပေးနေသော နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်နိုင်ငံအစရှိသော စကင်ဒီနေးဗီးယန်း နိုင်ငံများမှ အကူအညီပေးမှုများကိုလည်း ပြန်ကြား ရေးဝန်ကြီးဌာနမှ လက်ခံရရှိထားကြောင်း သိရသည်။
ဆွီဒင်နိုင်ငံ၊ ဆွီဒင်မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ်မြန်မာ့ အသံ(DVB) ၏ ဖိတ်ကြားချက်အရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆောင်သော မီဒီယာလေ့လာ ရေးအဖွဲ့သည် ဇွန်လ ၈ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ စကင်ဒီ နေးဗီးယန်းနိုင်ငံများသို့ သွားရောက်ပြီး ပြည်သူ့ရေးရာဝန်ဆောင်မှု မီဒီယာ (Public Service Media) များအဖြစ် အဆင့်ဆင့်ပြောင်းလဲရေး၊ မီဒီယာဥပဒေများပြဋ္ဌာန်းရေး၊ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရေး အစရှိသော ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများ နှင့်ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် International Media Support အဖွဲ့၏ အကူအညီဖြင့် ဇွန်လ ၂၄ ရက်နေ့တွင်  မြန်မာ သတင်းမီဒီယာ လေ့လာရေးအဖွဲ့ တစ်ဖွဲ့အင်ဒိုနီးရှားနိုင်ငံ၊ သီရိလင်္ကာ နိုင်ငံနှင့် အိန္ဒိယနိုင်ငံများသို့  မီဒီယာ လေ့လာရေးခရီး သွားရောက်ခဲ့ပြီး ထိုနိုင်ငံများရှိ စာနယ်ဇင်းကောင်စီများ၊ စာနယ်ဇင်းလုပ်ငန်းများ အကြောင်း ကို လေ့လာရန်အတွက် ၈ ရက်ကြာ ခရီးသွားရောက်ခဲ့ကြောင်း သိရပါသည်။
မြန်မာသတင်းမီဒီယာ လေ့လာရေးအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိကြီးများ၊ မကြာခင်က ဖွဲ့စည်းခဲ့သော အမြုတေစာနယ်ဇင်း ကောင်စီတွင် ပါဝင်သော မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းမှ တာဝန်ရှိသူအချို့ လိုက်ပါ သွားခဲ့ကြသည်။ ထို့အပြင် မဇ္ဈိမသတင်းဌာနနှင့် ဗီးနပ်စ်သတင်းဂျာနယ်တို့မှလည်း လိုက်ပါ သွားခဲ့ကြသည်။
ထို့အတူ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း၌ စကင်ဒီနေးဗီးယန်း နိုင်ငံများမှ အလှူရှင်များ ၏ အထောက်အပံ့ဖြင့် ရပ်တည်နေသော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) မှ ရုပ်သံလွှင့် မီဒီယာဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့၌ ပြုလုပ်ရန်စီစဉ်ထားကြောင်း သိရပါသည်။
Related Posts Plugin for WordPress, Blogger...
ukok44@gmail.com